Duration 8:30

ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေးတွေဆုံးရှုံးနေတဲ့အကြောင်း - BBC News မြန်မာ

6 318 watched
0
182
Published 2021/12/18

ဖေဖော်ဝါရီလ (၁) ရက်နေ့စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ မြန်မာနိုင်ငံနေရာ အနှံ့အပြား ကပြည်သူတွေဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ အခုလိုငြိမ်းချမ်း စွာဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်တပ်တွေက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့သလို ထောင်နဲ့ချီတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အခုလိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာ အကျဉ်းသားတချို့ကိုပြန်လွတ်ပေးခဲ့ပါတယ်၊ ဒီအထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လ (၂၆) ရက်နေ့က ကလေးမြို့ဆန္ဒပြပွဲတခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ (၈) ဦးထဲက (၇)ဦးလည်းပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အခုလိုလွတ်မြောက်လာသူတွေက ကလေးမြို့အကျဉ်းထောင်အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ထောင်တွင်းအတွေ့အကြုံတွေ ပြန်လည်ပြောပြခဲ့တဲ့အကြောင်းကို ရုပ်သံမှာကြည့်ရမှာဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်း

Category

Show more

Comments - 9